Pages

Ads 468x60px

Labels

May 26, 2012

အိုင်ချက်နဲ့ ဂျီတော့ပ် (G-Talk) ကို ချက်တင်ခြင်း


စာဖတ်သူဖက်က အပ်ပယ်လ်ရဲ့ အိုင်မက် (iMac) ကွန်ပျူတာ သုံးပြီး စာဖတ်သူရဲ့ မိတ်ဆွေ အပေါင်းအသင်း အများစုက ပီစီ (PC)၊ လက်တော့ပ်(Laptop) ၀င်ဒိုးစနစ် ကွန်ပျူတာကို သုံးတယ် ဆိုကြပါစို့။ အဲဒီအခါ စာဖတ်သူက ဂျီတော့ပ် (G-Talk) ကို အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်ချင်သပဆိုရင် အိုင်ချက် (iChat) ကို မဖြစ်မနေ အသုံးပြုရမှာပါ။ ဒါမှ ဆက်သွယ်ရေး လမ်းကြောင်း အထစ်အငေါ့မရှိ ဖြောင့်ဖြူးမှာကိုး။


အိုင်ချက် (iChat) ကို အင်စတောလ် (ထည့်သွင်း) နိုင်ဖို့ စာဖတ်သူရဲ့ အိုင်မက်ကွန်ပျူတာမှာ အိုင်အိုအက်စ် (iOS) လို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ် အနည်းဆုံး အိစ်တိုက်ဂါး (X Tiger) လောက် ဒါမှမဟုတ် ဒီထက်မြင့်တဲ့ စက်လည်ပတ်မှုစနစ် ရှိနေရပါမယ်။

အိုင်ချက် (iChat) ကို ရွေးချယ် အသုံးပြုချင်တာနဲ့ အသုံးပြုဖို့ရာ နည်းလမ်းကိုလည်း သိရှိထားရမယ်လေ။ ဒါမှ အဆင်ပြေပြေ သုံးနိုင်မှာလေ။ အိုင်ချက်ကို အသုံးပြုချင်သပဆိုရင် နည်းလမ်း ၂-သွယ်နဲ့ မလွဲမသွေ လုပ်ဆောင်ရပါမယ်။ အင်စတောလ် (ထည့်သွင်း) တဲ့အပိုင်းရယ်၊ ချက်တင်လုပ်ဖို့ ပြင်ဆင်တဲ့ အပိုင်းရယ် ဆိုပြီး ၂-ပိုင်း လုပ်ဆောင်ပေးရပါ့မယ်။

၁။ အင်စတောလ် (ထည့်သွင်းတဲ့) အပိုင်း
(က) Apple Store ကို ဖွင့်လိုက်ပါ။
(ခ) iChat App (စကားပြောပုံစံ အ၀ိုင်းနဲ့၊ အထဲမှာ ကင်မရာပုံနဲ့ အပ်ပ်) ကို ရွေးပြီး ကလစ်လိုက်ပါ။ (ဒေါင်းလုတ် ပြီးတဲ့အထိ စောင့်ပေးပါ)
(ဂ) ၂-ချက် ကလစ်လုပ်တာနဲ့ စက်ထဲ အင်စတောလ် အလိုလိုဝင်သွားမှာပါ။

၂။ ချက်တင်လုပ်ဖို့ ပြင်ဆင်တဲ့ အပိုင်း
အင်စတောလ် (ထည့်သွင်း) ပြီးပါက ချက်တင် လုပ်နိုင်ဖို့ ပြင်ဆင်ရပါဦးမယ်။ အောက်ဖော်ပြနည်းလမ်းအတိုင်း ပြင်ဆင်ပါ-
(က) iChat ကိုဖွင့်ပါ။
(ခ) iChat ရဲ့ မီနူ (Menu) ကနေ ကျလာတဲ့ စာတန်းထဲက Preferences… ကို ရွေးနှိပ်ပါ။
(ဇယားကွက်တစ်ခု ပေါ်လာပါမယ်၊ အဲဒီဇယားကွက်ထဲက ဒုတိယမြောက်ဖြစ်တဲ့)
(ဂ) Account ကို ရွေးနှိပ်ပါ။
(iChat အကောင့်ထဲမှာ အခြားအီမေးလ် အကောင့်တွေ ဘာတစ်ခုမှ ရှိမနေသေးပါ။ ထည့်သွင်း Add ရပါဦးမယ်။ ဒါကြောင့်လည်း)
(ဃ) + (အပေါင်းလက္ခဏာ) ကို နှိပ်ပြီး သူငယ်ချင်းတွေရဲ့ အီမေးလ် အကောင့်တွေကို ထည့်သွင်း (Add) လိုက်ပါဦး။  
ပုံကို ကြည့်ပါ

ပြီးရင် သင့်အတွက် ကိုယ်ပိုင် အကောင့်သစ်တစ်ခု ဖွင့်မှာမို့လို့ အချို့အချက်အလက်တွေ ထပ်ဖြည့်ရပါမယ်။
နံပါတ်စဉ် (ဂ) ထဲက Account ကို ရွေးနှိပ်တဲ့အချိန်မှာ နောက်ထပ် ဇယားကွက်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်၊ အဲဒီဇယားသစ်ရဲ့ Account Type နေရာမှာ Jabber Account ရွေးပြီး ကလစ်လုပ်လိုက်ပါ။

Jabber Account ကို ရွေးချယ်ခြင်းကြောင့် Jabber ID ကို ၀င်တဲ့အခါ အောက်ပါ အချက်အလက်တွေကို သိထားရပါမယ်။
(၁) တကယ်လို့ G-mail အကောင့်နဲ ဆိုင်းအင်း (Sign-in) ၀င်ချင်ရင် G-mail အကောင့် အပြည့်အစုံကို ရိုက်ထည့်ပေးရပါမယ်။
(၂) တကယ်လို့ G-Talk အကောင့်က သီးသန့်၊ G-mail အကောင့်က သီးသန့်၊ ၂-ခုက အဆက်အစပ် ရှိမနေဘူးဆိုရင် user name ရဲ့ အဆုံးမှာ ---@gmail.com ဖြည့်ပေးရပါမယ်။ ဥပမာ စာရေးသူရဲ့အကောင့်က ayechanmon ဆိုရင် ayechanmon@gmail.com နောက်ဖြည့်ကို ထပ်ဖြည့်ပေးရတယ်။
(၃) တကယ်လို့ သင်က Google Apps ကို သုံးတဲ့သူဆိုရင် အီမေးလ်လိပ်စာကို အပြည့်အစုံ ရိုက်ထည့်လိုက်ရုံလေးပါ။
(၄) Password ကိုတော့ ကြိုက်သလို ဖန်တီးပါ။ (ဂျီမေးလ်သုံးရင် သုံးနေကျ ပတ်စ်ဝေါ့ဒ်ကိုပဲ ထပ်သုံးလိုက်ပါ။
(၅) Server ကိုတော့ talk.google.com ကို ရွေးပါ။



ပုံကို ကြည့်ပါ

(င) Add ကို ကလစ်ပါ။
(စ) Use this account စာသားပေါ် အမှတ်ခြစ်လိုက်ပါ။
(ဆ) ပြီးရင် ဘေးနားရှိ Server Setting ကို နှိပ်ပါ
Server Setting မှာ ၂-ခု ထပ်ပြင်ပါ။
(၁) Server မှာ talk.google.com ကိုရွေးပါ။
(၂) Port မှာ 5223 ကိုရွေးပါ။
နောက်ဆုံးအနေနဲ့ကတော့ Server Setting မှာ ရှိတဲ့ လေးဒေါင့်ကွက်မှန်သမျှကို အမှတ်ခြစ်လိုက်ပါ။ (၄-ကွက် ရှိပါတယ်။)

ပုံကို ကြည့်ပါ


အထက်ဖော်ပြပါ လုပ်ဆောင်ချက်အားလုံးကို လုပ်ဆောင် ပြင်ဆင်ပြီးပါက အိုင်ချက် (iChat) နဲ့ မည်သည့်ဂျီတော့ပ် (G-Talk) သုံး သူငယ်ချင်းကိုမဆို စိတ်တိုင်းကျ ချက်တင်လုပ်နိုင်ပါပြီ။

0 comments:

Post a Comment