Pages

Ads 468x60px

Labels

Apr 30, 2012

အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ် (အပိုင်း ၁)


CNet မဂ္ဂဇင်းရဲ့ စီနီယာအယ်ဒီတာ “အဲရစ်ဖရန့်ကလင်” သုံးသပ်ဖော်ပြထားတဲ့ ထွက်ပြီးသမျှ သင်ပုန်း (Tablet) ထဲက အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ်ကို ဖော်ပြလိုက်ပါတယ်။ ရွေးချယ်တဲ့နေရာမှာ ကြယ်ပွင့်တွေနဲ့ အမှတ်ပေး ဖော်ပြထားပါတယ်။ ကြယ်ငါးပွင့် သတ်မှတ်ထားပေမယ့် ဘယ်သင်ပုန်း (Tablet) ကမှ ဒီအဆင့်ကို မရောက်ကြပါဘူး။ ၀ယ်ယူမှုနဲ့ သုံးစွဲရတဲ့ပစ္စည်းကပဲ မတန်လေရော့သလားတော့ မသိပါ။ ပြောနိုင်တာ တစ်ခုကတော့ သင်ပုန်း (Tablet) လောကမှ ခြောက်ပြစ်ကင်း သဲလဲစင် မရှိသေးတာကို ညွှန်းပြတယ်လို့ အယ်ဒီတာက ဆိုလိုတာ ဖြစ်မှာပါ။

အမြင့်ဆုံး ကြယ် ၄-ပွင့် ရတဲ့ သင်ပုန်း (Tablet) အဆင့်ကတော့ ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်သော်ငြား အကောင်းဆုံး ရွေးချယ်မှု ဖြစ်နေဦးမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီကြယ် ၄-ပွင့်ထက် သာတဲ့ သင်ပုန်း (Tablet) ထွက်မလာသေးလို့ပါပဲ။ ကြယ် ၃-ပွင့်သာ ရတဲ့ သင်ပုန်း (Tablet) ကိုတော့ ရွေးချယ် မ၀ယ်ယူသင့်တဲ့ သင်ပုန်း (Tablet) အမျိုးအစား ဖြစ်နေသည့်တိုင် ငွေကြေး ချွှေတာစွာ သုံးစွဲရေးကို ဦးစားပေးလိုပါက ၀ယ်သင့်ဝယ်ထိုက်တဲ့ သင်ပုန်း (Tablet) ဖြစ်ပါသေးတယ်။ သို့မို့လည်း အကောင်းစားထဲက အကောင်းဆုံး သင်ပုန်း (Tablet) ၅-ချပ်ကို ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။

၁။ နယူးအိုင်ပက် / အိုင်ပက်သရီး (The New iPad / iPad3)
ရုပ်ပုံ ကြည်လင်ပြတ်သားမှု၊ ဖိုးဂျီ-၀ါယာလက်၊ မီဂါပစ်ဇယ် မြှင့်တင်ထားတဲ့ ကင်မရာ၊ ရွှန်းစိုနေတဲ့ မျက်နှာအသွင်အပြင် စတာတွေကြောင့် မတ်ခ်ျလ ၁၆-ရက်နေ့က ဖြန့်ချိခဲ့တဲ့ နယူးအိုက်ပက် ခေါ်ခေါ် အိုင်ပက်သရီး ပြောပြော ဒီအပ်ပယ်လ်ရဲ့ သင်ပုန်း (Tablet) ကတော့ အပျံစားပါပဲ။
 

အဆင့် = ကြယ် ၄-ပွင့်
ဈေးနှုန်း = ၄၉၉ အမေရိကန်ဒေါ်လာ (၁၆-ဂျီဘီ၊ ၀ိုင်ဖိုင်မျှသာ)
(မှတ်ချက်- နယူးအိုင်ပက်မှာ ၂-မျိုး ရှိပါတယ်။ ၀ိုင်ဖိုင်သတ်သတ် (စင်းကဒ်မပါ) ၁-မျိုးနဲ့ ၀ိုင်ဖိုင်+ဖိုးဂျီ (စင်းကဒ်ပါ) ၁-မျိုးတို့ ဖြစ်တယ်။ ဒီ၂-မျိုးကို သိုလှောင်နိုင်တဲ့ ပမာဏ ၃-မျိုးဖြစ်တဲ့ ၁၆-ဂျီဘီ၊ ၃၂-ဂျီဘီ၊ ၆၄-ဂျီဘီတို့နဲ့ ခွဲလိုက်လို့ ၆-မျိုးကွဲသွားတယ်။ အဖြူနဲ့ အမည်း ၂-မျိုးနဲ့ ထပ်မြှောက်ကြည့်ရင် ၁၂-မျိုး ကွဲသွားဦးမှာ။ ဒါပေမယ့် အဖြူနဲ့အမည်း ဈေးနှုန်းကတော့ အတူတူပါပဲ။)

အားသာချက်
နည်းပညာအသစ်နဲ့ တောက်ပတဲ့ မျက်နှာသွင်ပြင်၊ သုံစွဲထားတဲ့ A5x ပရိုဆက်စာ၊ စတိုးဆိုင်တိုင်းမှာ အလျှံပယ် ဒေါင်းလုတ်ယူနိုင်တဲ့ အပ်(Apps)၊ ၅-မီဂါပစ်ဇယ် ကင်မရာ၊ ရုပ်ဖမ်း ၁၀၈၀၊ ရီဆိုလူရှင်း ၂၀၄၈၊ ဖိုး-ဂျီ ဆက်သွယ်ရေးစနစ်တို့ဟာ နယူးအိုင်ပက်ရဲ့ အားသာချက် ကောင်းကွက်ပါ။

အားနည်းချက်
ဖုန်းစင်းကဒ် ထည့်ရတာ ခက်ခဲခြင်း၊ မြှင့်တက်နေတဲ့ အရည်အသွေးကြောင့် ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေ နေရာများများ ပေးရခြင်း၊ HDMI, USB, SD Card တွေအတွက် ထိုးပေါက် မရှိပဲ တစ်ဆင့်ခံ သုံစွဲနေရခြင်း၊ ဖိုး-ဂျီစနစ်က အဆင်မပြေသေးခြင်း၊ မူလ အိုင်ပက်တူးထက် ထူခြင်း၊ အပူများခြင်း-စသည်တို့များမှာ နယူးအိုင်ပက်ရဲ့ အားနည်ချက်ပင် ဖြစ်တယ်။

သုံးသပ်ချက်
အပ်ပယ်လ်ရဲ့ နယူးအိုင်ပက်ဟာ ရင်းနှီးပြီးသား နည်းပညာဟောင်းနှင့် အနာဂတ် အလားအလာ နည်းပညာတွေကို ပေါင်းစပ် ထည့်သွင်းသုံးစွဲထားတယ်။ အပြင်ပိုင်း ပုံစံကတော့ မနှစ်က အိုင်ပက်တူးအတိုင်းပဲ မပြောင်းလဲသေးပါဘူး။ အတွင်းထဲက အရည်အသွေးကိုကျတော့ နှစ်ဆလောက်ကို မြှင့်ထားတယ်။ နယူးအိုင်ပက်ကို ဖွင့်လိုက်ရင် အပ်ပယ်လ်ဟာ ဒီပုံသဏ္ဌာန် အိပ်မက်ထဲမှာပဲ အိပ်မောကျနေဆဲလို့ သင် တွေးနေမိမှာ။

အိုင်ပက်သရီးရဲ့ ဈေးနှုန်းသတ်မှတ်ချက်

ဘာပဲပြောပြော အရာအားလုံးနီးပါးကို နှစ်ဆ ထပ်တိုးထားတဲ့ ဒီနယူးအိုင်ပက်ရဲ့ စွမ်းဆောင်ရည်ကိုတော့ မချီးကျူးပဲ မနေနိုင်ပါဘူး။ ၂၀၄၈x၅၃၆ ရှိတဲ့ စကရင်း အရည်အသွေးဟာ သင့်အိမ်မှာ သုံးစွဲနေတဲ့ ဘယ်လက်တော့ပ်၊ ဒက်စတော့ပ် (ကွန်ပျူတာ)၊ ဘယ်တီဗီကမှ အဲလောက် စွမ်းဆောင်ရည် မရှိသေးပါဘူး။ အခုထွက်နေတဲ့ အကောင်းဆုံး မော်နီတာတွေတောင်မှ ၁၆၈၀x၁၀၅၀ အရည်အသွေးပဲ ရှိသေးတာ။ ပေးရတဲ့ ငွေကြေး ဒေါ်လာ ၄၉၉-ကတော့ ထည့်ပြောစရာကို မလိုလောက်တော့ဘူး။

ငွေကြေးအကြောင်း ပြောရရင် ၂၀၁၀-ခုနှစ်ကတည်းက ထုတ်လုပ်ဖြန့်ချိခဲ့တဲ့ အပ်ပယ်လ်ရဲ့ ပထမဦးဆုံး အိုင်ပက် ဈေးနှုန်းဟာ ကနေ့ ရောင်းချနေတဲ့ နယူးအိုင်ပက် ဈေးနှုန်းနှင့် တစ်ဈေးတည်းပါ။ ဈေးနှုန်း မပြောင်းလဲပဲ တသမတ်တည်း ရောင်းချခဲ့တယ်။

နယူးအိုင်ပက်ရဲ့ အသွင်သဏ္ဌာန်ကို ငဲ့ကြည့်လိုက်ရင် ဆိုင်ရှင်တွေက သင့်ကို လှည့်စား ရောင်းချနေတယ်လို့ပဲ ယူဆစရာ ရှိတယ်။ ဘာလို့လဲဆိုတော့ မနှစ်က ထွက်ခဲ့တဲ့ အိုင်ပက်တူးနဲ့ ဒီနယူးအိုင်ပက်နဲ့က တစ်ထေရာထဲ တူနေလို့ပါပဲ။ မှန်နှင့်အလူမီနီယံ တည်ဆောက်ပုံကော၊ အလျား ၉.၅ လက်မ၊ အနံ ၇.၃ လက်မရော ထပ်တူထပ်မျှပါပဲ။ အဲ ဇောက်သာ အနည်းငယ် ထူသွားရုံလေးပါ။ (ဆိုလိုတာက အိုင်ပက်တူးထက် နယူးအိုင်ပက်က ထူသေးတယ်။)

အသစ်ထွက်လာတဲ့ ဒီနယူးအိုင်ပက်ရဲ့ အသွင်သဏ္ဌာန်ကို ကြည့်ခြင်းအားဖြင့် သင်ပုန်း (Tablet) လောကမှာ “အပါးလွှာဆုံး၊ အပေါ့အပါးဆုံး”လို့ ကြွေးကြော်ထားတဲ့ အပ်ပယ်လ်ရဲ့ လေသံကိုတော့ နောင်တစ်ချိန်မှာ ပြန်ရုပ်သိမ်းရမည့်ကိန်း ဆိုက်နေပါတယ်။ ဘာလို့လဲဆိုတော့ တိုရှီဘာက ထုတ်လုပ်မယ့် အိတ်စ်ဆိုက် (Excite X10LE) သင်ပုန်း (Tablet) ဟာ အိုင်ပက်တူးထက် ပိုပြီး ပါးလွှားမယ်၊ ပိုပြီး ပေါ့ပါးမယ် ဆိုပဲ။

မထွက်ခင်တုန်းကတော့ နယူးအိုင်ပက်မှာ ရှေ့ကမျက်နှာပြင် ပုံသဏ္ဌာန်အတိုင်း နောက်ဖက်ကို လှန်ချထားမယ်လို့ ကြားရပါတယ်။ [နောက်ဘက်ကို အခုပုံစံလို ဒေါင့်ချွန်းနဲ့ လျှောမချပဲ အရှေ့ဘက်မျက်နှာအတိုင်း (iPhone4s လိုမျိုး) ဒေါင့်ချိုးနဲ့ ၀ိုက်ချမယ်လို့ သတင်းထွက်လာသေးတယ်။] ဒါပေမယ့် ဖြစ်မလာဘူး။ နောက်တစ်ခုက နောက်ကျော ဘယ်ဘက်ထိပ်နားလေးက ကင်မရာပါပဲ။ အလင်းရဖို့နဲ့ ဆင်ဆာဖြတ်ဖို့ ရည်ရွယ်ထားပုံရတယ်၊ အိုင်ပက်တူးထက် အနည်းငယ် ကြီးထားတယ်။ ဒီကင်မရာကိုတော့ iPhone4s ကနေ အမွေ ဆက်ခံထားပုံရတယ်။ အိုက်ဆိုက်လို့ခေါ်တဲ့ ရှေ့ကင်မရာကတော့ တော်တော်လေး ကောင်းပါတယ်။ ပုံရိပ်တွေရဲ့ မီဂါပစ်ဇယ်လ်ဟာ အိုင်ပက်တူးထက်ကို အများကြီး သာပါတယ်။ ဒါပေမယ့် ဒီလောက်ကောင်းတဲ့ ကင်မရာကို သင်ပုန်း (Tablet) လိုဟာမျိုးမှာ ထည့်သွင်းဖို့ မလိုလောက်ဘူးလို့ ထင်တာပဲ။



အိုင်ပက်သရီးရဲ့ ပရိုဆက်ဆာ

ပရိုဆက်ဆာလို့ခေါ်တဲ့ စက်လည်ပတ်မှုစနစ်ကို ၂-ဆ မြှင့်ထားတယ်လို့ ပြောတယ်။ ဒါပေမယ့် A5X လို့ အပ်ပယ်လ်က နာမည်တပ်ထားတဲ့ စီပီယူဟာ ဒျူရယ်ကိုးလ် (Dual Core- မြန်နှုန်း ၂-ဆ) အဆင့်ပဲ ရှိပါသေးတယ်။ ကိုးလ်ကွစ် (Core Quad-မြန်နှုန်း ၄-ဆ) အဆင့်ကို မရောက်သေးပါဘူး။ A5X သာမှန်လျှင် ဂိမ်းဆော့ရာမှာ ဖြစ်စေ၊ ဖြေဖျော်ရေး အသုံးပြုရာမှာ ဖြစ်စေ ရှေးကမိုဒယ် (အိုင်ပက်တူး) ထက် အရည်အသွေးကော မြန်နှုန်းရော ၄-ဆ မြန်ရမှာပေါ့။

နောက်တစ်ခုကတော့ အများမျှော်လင့်တာကို ဆန့်ကျင်ပြီး ဆီရီ (Siri- အသံနဲ့ ထိန်းကျောင်းမှု) ကို လုံးဝ မထည့်သွင်းခြင်းပါပဲ။ အိုင်ဖုန်း (iPhone4s) မှာ စမ်းသုံးခဲ့တဲ့ အသံပိုင်းဆိုင်ရာ အသွင်းအထုတ်ပြုခြင်းကို ဒီနယူးအိုင်ပက်မှာ လုံးဝကို ပါမလာပါ။ အသံနဲ့ အီမေးလ် ပို့ပေးနိုင်ခြင်း အပါအ၀င် ရှာဖွေရေးအင်ဂျင်မှာ လိုရာကို အသံနဲ့ ရှာနိုင်တဲ့ ဆီရီစနစ် မပါဝင်တာကိုက ဒီနယူးအိုင်ပက် ပြောင်းလဲခြင်းဟာ အဓိပ္ပါယ်မဲ့နေသလိုပါပဲလား။

အရင်တုန်း ထွက်ခဲ့တဲ့ အိုင်ဖုန်း (iPhone4/iPhone4s)၊ အိုင်ပွတ် (iPod) တွေကို အသုံးပြုဖူးရင် ဒီအသစ်ထွက်လာတဲ့ အိုင်ပက်ကိုလည်း သုံးဖို့ လွယ်လွယ်လေးရယ်။ အပ် (Apps) တွေကို သင့်ကွန်ပျူတာထဲမှာ ရှိနေတဲ့ iTune ကနေတစ်ဆင့် သွင်းယူနိုင်ပါတယ်။ [အရင်တုန်းက ထည့်ထားတဲ့ ချက်ရွမ်၊ ဂိမ်း၊ သီချင်း၊ ဗီဒီယို၊ စာအုပ်တွေ မှန်သမျှကို iTune ကနေတစ်ဆင့် ချက်ချင်း ပြန်သွင်းနိုင်တယ်။] ဒါမှမဟုတ် ဖရီးတွေကို အများအပြား ဒေါင်းလုတ်ယူနိုင်ပါတယ်။



အိုင်ပက်သရီးရဲ့ ပုံသဏ္ဌာန်

ပထဦးဆုံး ထွက်ရှိလာတဲ့ အိုင်ပက်ရဲ့ စက်လည်ပတ်မှုစနစ်ဟာ iOS 3. 2 ပါ။ ဒီ iOS 3. 2 ကို ၂၀၁၀ နိုဝင်ဘာလအထိ ဓာတ်ပုံ၊ သီချင်း၊ ဗီဒီယို အကူးအပြောင်း မလုပ်နိုင်သေးပါ။ အခု အသုံးပြုနေတဲ့ iOS ကတော့ 5.1 ရောက်နေပါပြီ။ မက်ဆေ့ခ်ျတွေ၊ စာအုပ်စင်တွေသာမက လူမှုရေးကွန်ရက်ဖြစ်တဲ့ Facebook, Twitter, Messenger, G-talk တို့တောင် အသုံးပြုလို့ ရနေပါပြီ။ အရင်တုန်းက ကွန်ပျူတာမှာသာ သိမ်းထားနိုင်တဲ့ (Restore / Back up) ဒေတာတွေကို အခုတော့ အိုင်ကလောက် (iCloud) နဲ့ အွန်းလိုင်မှာတောင် သိမ်းဆည်းထားနိုင်ပါပြီ။

အီးလက်ထရွန်နစ်-စာအုပ်လို့ ခေါ်တဲ့ e-Book တွေကို ဖတ်ဖို့ ရည်ရွယ်ပြီး ၀ယ်ယူလိုသူတွေ အတွက်ကတော့ ဒီနယူးအိုင်ပက်ဟာ ရှယ်ပါပဲ။ iBook လို့ အမည်တပ်ထားတဲ့ အပ် (App) တစ်ခုကိုသာ ဒေါင်းလုတ်ယူပြီး တင်ထားပါ။ ဖတ်ချင်တဲ့ ၀တ္ထု၊ မဂ္ဂဇင်း၊ လုံးချင်းစာအုပ်တွေကို အမေဇုန်၊ ကဘူး၊ ဂူးဂဲလ်၊ စတင်ဇာတို့ ကနေတစ်ဆင့် ဖြစ်စေ၊ မိမိဘာသာ ကူးယူထားတဲ့ စာအုပ်ဖိုင်တွေကို ဖြစ်စေ ဒီ iBook က မာတိကာစဉ်အလိုက် ဖော်ပြပေးထားမှာပါ။ ရွေးချယ်ပြီး ကောက်ဖွင့် ဖတ်လိုက်ရုံပါ။ စာအုပ်လှန်သလို တစ်ရွက်ချင်း လှန်ချင်သလား အိုကေပါပဲ။ ဒါပေမယ့် စာဖတ်ရုံသတ်သတ်အတွက်ဆို ကင်ဒယ် (Kindle Touch) ကို ၀ယ်သုံးဖို့တော့ မေ့မနေပါနဲ့။ ကင်ဒယ်က အိုင်ပက်ထက် အများကြီးကို ပေါ့ပါးတယ်။ အိုင်ပက်က ၁-ပေါင်ခွဲကျော် လေးနေတဲ့အချိန်မှာ ကင်ဒယ်ကတော့ ၁-ပေါင်ရဲ့ ထက်ဝက်ပဲ ရှိပါတယ်။ (၃-ဆလောက်ကို ပေါ့ပါးနေတယ်။) နောက်ထပ် ရှိသေးတယ်၊ အားမသွင်းပဲ စာတွေကို ဆက်တိုက် ဖတ်ချင်ရင်တော့ နော့က်စင်းပယ်လ် (Nook Simple Touch) ကိုလည်း လှမ်းပြီး စုံစမ်းကြည့်ပါအုံး။ ၂-လကြာတဲ့အထိ ဘက္ထရီကို အားမသွင်းပဲ စာဖတ်နိုင်တယ် ဆိုလေရဲ့။ အိုင်ပက်ရဲ့ ဘက္ထရီက ၁၀-နာရီကြာလောက်ပဲ ခံတာနော်။

နောက်ဆုံး ကောက်ချချက်ရမှာကတော့ - နယူးအိုင်ပက်မှာ ဘယ်လိုပဲ အားနည်းချက် ရှိနေပါစေ၊ မာလ်တီမီဒီယာ အသုံးပြုတဲ့ ကဏ္ဍမှာတော့ သူ့ကို မီနိုင်တဲ့ သူ့ကို ပြိုင်နိုင်တဲ့ ဘယ် သင်ပုန်း (Tablet) ကမှ မရှိသေးဘူး၊ မထွက်သေးဖူး ဆိုတာကိုတော့ ၀န်ခံရမှာပါ။
 

(အပိုင်း ၂ ကို ဆက်ရန်)


Apr 28, 2012

ကမ္ဘာ့ဂင်းနစ် စံချိုန်ကို ချိုးလိုက်သည့် အိန္ဒိယအက


“ဒန့်-အိန္ဒိယ-ဒန့်” လို့ နာမည်ပေးတဲ့ အိန္ဒိယ စုပေါင်းအက တစ်မျိုးကို မတ်ခ်ျလ ၁-ရက်နေ့က မွန်ဘိုင်းမြို့၊ ကေဂျေစောမိုင်ယ ကောလိပ်ဝင်းထဲမှာ ကျင်းပခဲ့ပါတယ်။ ဒီအကနဲ့ ကမ္ဘာ့ဂင်းနစ် စံချိုန်ကို ချိုးရန် ရည်ရွယ်ပြီး အကသမား အင်အား ၅၀၀၀ (ငါးထောင်) ၀န်းကျင်နဲ့ ကပြခဲ့ပါတယ် 

ဒီ “ဒန့်-အိန္ဒိယ-ဒန့်” (ကပါ အိန္ဒိယ အက) ကို အိန္ဒိယနိုင်ငံ ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ ဘောလိဝုဒ်က မင်းသား၊ မင်းသမီးတွေ ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ မွန်ဘိုင်းမြို့အတွင်းမှာ ရှိနေတဲ့ အထက်တန်းကျောင်း၊ ကောလိပ်နှင့် အင်စတီးကျုစ် ၁၃-ခုမှ ကျောင်းသူ/သားများ ဒီအကထဲမှာ ပါဝင် ကပြဖြေဖျော်ကြပါတယ်။

ပါဝင်တီးခတ်ပေးတဲ့ ဘင်(န်)အဖွဲ့ကလည်း စုံလင်လှပါတယ်။ သီမတ်စတာ၊ တယ်ရင်းစ်လူးဝစ်၊ ရေးမို ဒီ စူးဇာနှင့် ဒီအိုင်ဒီ သုံးရာသီတို့ပါ။ ဘောလီဝုဒ် ရုပ်ရှင်လောကမှာ ထင်ရှားပြီး အဆိုများနေတဲ့ 'Dhinkachika Dhinkachika' သီချင်းကို ဘင်(န်) အဖွဲ့ကနေ တီးခတ်ပေးပြီး အကသမားတို့နဲ့ စုပေါင်း ဆိုကခြင်း ဖြစ်ပါတယ်။ အကသမားတိုင်းလိုလိုက တူညီဝတ်စုံနဲ့ပါ။ အ၀ါရောင်တီရှပ်နှင့် အပြာရင့် ဂျင်းဘောင်းဘီတို့ကို တွဲကာ ၀တ်ဆင်ထားကြပါတယ်။ အချို့အဖွဲ့တွေကတော့ အဖြူရောင်တီရှပ်၊ ပန်းရောင်တီရှပ်တွေလည်း ပါရှိကြတယ်။ အရွယ်ကျတော့ ဆယ်ကျော်သက်တွေပဲ အများစု ပါဝင်ကြတယ်။

မွန်ဘိုင်းမြို့ရဲ့ အထင်ကရ ကောလိပ်တစ်ခုဖြစ်တဲ့ ကေဂျေစောမိုင်ယကောလိပ်ဟာ အခြားနေရာများထက် ကျောင်းဝင်းရဲ့ နေရာလွတ် ပိုမိုကျယ်ဝန်းသလို၊ သွားလို့လာလို့ကောင်းတဲ့ ဆုံရပ် ဖြစ်နေတာကြောင့်လည်း ဒီနေရာကို ရွေးချယ်ခဲ့ပါတယ်လို့ အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။



ကပြဖြေဖျော်ရာသို့ မီဒီယာပေါင်းစုံကလည်း သတင်းယူ၊ ဓာတ်ပုံရိုက်၊ ဗီဒီယိုမှတ်တမ်း တင်ခဲ့ကြပါတယ်။ အထူးသဖြင့် “ဇီးတီဗီ” ကနေ တိုက်ရိုက်လွှင့်ပေးခဲ့ပါတယ်။ ကမ္ဘာ့ဂင်းနစ် မှတ်တမ်းတင်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ “မစ္စတာနီခီလရှုကလ” က ဒီကမ္ဘာ့ဂင်းနစ်မှတ်တမ်းတင်ဆု (GWR) ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

အဲဒီနေ့ကတော့ စောမိုင်ယကောလိပ် အနီးအနားတစ်ဝိုက်မှာ အကကို လာကြည့်ကြတွေသူနဲ့ ရုပ်ရက်ရှုပ်ခတ်နေပါတယ်။ ကားလမ်းတွေမှာလည်း ဆိုင်ကယ်၊ ကားတွေနဲ့ ပိတ်ဆို့နေပါတယ်။ နေ့အခင်းအချိန်က စပြီး လူတွေ စုခဲ့နေခဲ့ကြတယ်။ လူတွေကို အကျီလိုက်ဝေတာတို့၊ ဆိုမယ့်သီချင်းကို အစမ်း တိုက်ကြည့်နေတာကြောင့် ထင်တယ်။ ကပြဖြေဖျော်မှုအပြီး ဆုလက်ခံရယူတဲ့အချိန်မှာ ည ၇-၄၅ နာရီ ရှိနေပါပြီ။

ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးခဲ့တဲ့ အိန္ဒိယရဲ့ စုပေါင်းအက လူဦးရေ အတိအကျကား ၄၄၂၈-ဦး ဖြစ်ပါတယ်။ လူဦးရေပေါင်း တစ်သောင်းလောက် အွန်းလိုင်းကနေ စာရင်းကောက် ရရှိထားကြပေမယ့် တကယ့်လာရောက် ကပြတဲ့အချိန်ကျတော့ အခက်အခဲ အမျိုးမျိုးကြောင့် တစ်ဝက်လောက်ပဲ ပါဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ၂၀၁၁-ခုနှစ်တုန်းကလည်း ဒီမွန်ဘိုင်းမြို့မှာပဲ အိန္ဒိယရဲ့ စုပေါင်းအကနဲ့ တစ်ခါ စံချိန် ချိုးခဲ့ပြီး ဖြစ်တယ်။ အဲဒီတုန်းက စုပေါင်းပြီး ကတဲ့ အကသမားဦးရေကတော့ ၁၃၃၆-ယောက်ပါ။

အက၀ါသနာ ပါသူများ ကြည့်ချင်ပါက Zee TV ကနေ မကြာမကြာ ထုတ်လွင့်နေတာကို စောင့်ကြည့်လို့ပဲ ဖြစ်ဖြစ်၊ ဒီပေးထားတဲ့လင့် http://www.youtube.com/watch?v=Y5psbnNY3Uo
ကနေပဲဖြစ်ဖြစ် ကြည့်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အကိုးအကား-
-http://www.guinnessworldrecords.in/news/2012/3/video-tv-show-dance-india-dance-smashes-largest-bollywood-dance-record/
-http://did3.india.com/buzz/press-release/dance-india-dance-breaks-guinness-world-record-for-the-largest-bollywood-dance/13

Apr 22, 2012

မိုဇီလာက စမတ်ဖုန်းကို ထုတ်လုပ်နေပြီ


“စမတ်ဖုန်း တိုက်ပွဲခေတ်” လို့ ဆိုရလောက်အောင် မိုဘိုင်းဖုန်း ကုမ္ပဏီတွေကနေ စမတ်ဖုန်းတွေကို အပြိုင်အဆိုင် ထုတ်လုပ်နေကြတယ်။ တစ်ဦးထက် တစ်ဦး ဈေးကွက် အသာရဖို့ ရည်မှန်းပြီး ခေတ်မီသထက် မီအောင် သစ်ဆန်းသထက် သစ်ဆန်းနေအောင် မိုဘိုင်းဖုန်းတွေမှာ နည်းပညာတွေ တိုးချဲ့ အသုံးပြုလာကြတယ်။ 

မိုဘိုင်းဖုန်းတွေကို တစ်စိုက်မတ်မတ် ထုတ်လုပ်နေတဲ့ နိုကီယာ စတဲ့ ဖုန်းကုမ္ပဏီတွေ သာမကပဲ ၀င်းဒိုးဖုန်းလို့ ခေါ်တဲ့ ၀င်းဒိုး စနစ်သုံး စမတ်ဖုန်းကို မကြာခင်ကမှ ဂူဂဲလ်ကုမ္ပဏီကနေ ထုတ်ထုတ်ခဲ့ပြီ ဖြစ်တယ်။ အခုတစ်ဖန် ၀က်စ်-ပရောက်ဆာလို့ ခေါ်တဲ့ အင်တာနက်သုံး စာမျက်နှာ ရှာဖွေရေးကို တီထွင်နေတဲ့ မိုဇီလာ ဖိုင်ယားဖော့စ် (Mozilla Firefox) က စမတ်ဖုန်းလောကမှာ အခြေချလာပြန်ပါပြီ။

ဒီကုမ္ပဏီကနေ ဂူဂဲလ်ရဲ့ အန်ဒရိုက် စက်လည်ပတ်မှု စနစ် (Android OS) ကို အတိအလင်း စိန်ခေါ်မယ့် စမတ်ဖုန်း လည်ပတ်မှုစနစ်ကို ထုတ်လုပ်တော့မယ် ဆိုပဲ။ ဒီစက်လည်ပတ်မှု စနစ်ကို B2G လို့ နာမည်ပေးထားတယ်။ B2G ဆိုတာ Boot to Gecko ရဲ့ အတိုကောက် အသုံးအနှုန်း ဖြစ်ပြီး အိစ်ဂ်ျတီအမ်အယ်လ်ကို အခြေခံထားတဲ့ အိုပင်းန်ဝက်စ် စနစ်တစ်ခုပါ။ ဘရာဇီးနိုင်ငံက တယ်လီဖွန်နီကာ နက်ဝေါ့က်နဲ့ ချိတ်ဆက်ပြီး အသုံးပြုဖို့ စတင် စိုင်းပြင်းနေတယ်။


မိုဇီလာရဲ့ စမတ်ဖုန်း ပုံစံ

ဘရာဇီး ၀ပ်ဆိုက်တစ်ခုကနေ ဒီသတင်းကို ဖော်ပြခဲ့တာ ဖြစ်ပြီး ဘယ်တော့ ထုတ်လုပ်မယ်ဆိုတာကိုတော့ အတိအကျ ဖော်မပြထားသေးပါဘူး။ ၂၀၁၂ ခုနှစ်အကုန် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ ထုတ်လုတ်မယ်လို့ အချို့ဝက်ဆိုက်တွေက ခန့်မှန်း ဖော်ပြထားပါတယ်။ ဒီစမတ်ဖုန်းကို မိုဇီလာ ဒစ်ဂျစ်တယ်ကုမ္ပဏီနဲ့ ဘရာဇီးက တယ်လီဖွန်နီကာတို့က ပေါင်းထုတ်လုတ်မယ်လို့တော့ မိုဇီလာရဲ့ စီဂျီးအို ဖြစ်နေတဲ့ မစ်စတာ ဂရေးကိုဝက်ပ်ရဲ့ ပြောစကားကို စာနယ်ဇင်းသမားတွေက ကိုးကား ဖော်ပြထားကြလေရဲ့။

“ဒီစနစ်ကတော့ အိုပင်းန်ပလက်ဖောင်း စနစ်ပါ။ အသုံးချဆော့ဝဲလ် အများအပြားကို အသုံးပြုနိုင်မှာပါ။ အများသုံး ဘရောက်ဆာလိုပဲ အခုလက်ရှိအသုံးပြုနေတဲ့ ပုံစံအတိုင်းပဲ အင်စတောလ် လုပ်လို့ရမှာပါ။ အများနဲ့မတူတဲ့ အထူးပြုချက်ကတော့ ၀က်ပ်-တပ်ဂ်ျတွေကို အဆင့်မြင့်မြင့် အသုံးပြုနိုင်ပြီး၊ ကနေ့ သုံးနေကျ ၀က်စ်ပရောက်ဆာလိုပဲ အပ်စ် (Apps) တစ်ခုနဲ့တစ်ခုကြားမှာ ပလက်ဖောင်းတစ်ခုကို ပိတ်စရာ မလိုပဲ အလိုအလျှောက် တိုက်ရိုက် ချိတ်ဆက် အသုံးပြုနိုင်မှာပါ” လို့ ဂရေးကိုဝက်ပ်က ပြောထားတယ် ဆိုပဲ။

ဘရာဇီးရဲ့ တယ်လီဖွန်နီကာ နည်းပညာအရာရှိချုပ် မစ်စတာ ပပ်ပလိုလာရီယက်စ် ပြောတာကတော့ “ဒီ B2G ကို အိုပင်းန်အရင်းအမြစ် အနေနဲ့ ပြီးပြည့်စုံတော့မယ်၊ ပုံစံအသစ်နဲ့ ပထဦးဆုံး ထွက်လာမှာပါ၊ ဒီစမတ်ဖုန်းကို ဘရာဇီးနိုင်ငံရဲ့ ဥပဒေအတိုင်း အန်လော့ဂ် (unlocked) စနစ်နဲ့ စတင် ရောင်းချမှာပါ” တဲ့။

၂၀၁၁ ခုနှစ် ဇူလိုင်လကတည်းက ဒီ B2G ကို ထုတ်လုပ်မယ်လို့ မိုဇီလာက ကြေငြာခဲ့တာပါ။ ဂူဂဲလ်ရဲ့ လက်ရှိအသုံးပြုနေတဲ့ အန်ဒရိုက်စနစ်သုံး စမတ်ဖုန်းထက် သာလွန်တဲ့ စက်လည်ပတ်မှုစနစ်နဲ့ ထုတ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ သို့သော် အခု ၂၀၁၂ ခုနှစ် နှစ်ဝက်တောင် ကျိုးတော့မယ့်အခြေအနေမှာ ဒီ B2G စမတ်ဖုန်း ထွက်လာမယ့်လေသံ တစ်စွန်းတစ်စ မကြားရသေးပါဘူး။

ဒီဧပြီလ ၂၀-ရက်နေ့ထုတ် သတင်းတစ်ပုဒ်မှာတော့ မိုဇီလာရဲ့ B2G စမတ်ဖုန်းက ၂၀၁၃ နှစ်ဆန်းပိုင်းမှ ဘရာဇီးမှာ စတင်ရောင်းချမယ်လို့ ဖော်ပြခဲ့တယ်။ ကုမ္ပဏီရဲ့ လူ့အင်အား နည်းပါးနေတာရယ်၊ ထုတ်လုပ်မှု အဆင့်အဆင့် နှေးကွေးနေတာရယ်ကို ထောက်ဆတဲ့အနေနဲ့ ၂၀၁၃-ခုနှစ် နှစ်ဆန်းပိုင်းမှာတောင် ထုတ်လုပ်နိုင်ပါ့မလား အချို့ကတော့ သံသယ ၀င်နေဆဲပါ။

ဘာပဲပြောပြော စမတ်ဖုန်း အသစ်အဆန်း ထွက်တိုင်း သုံးမယ်လို့ချည်း ရည်ရွယ်လိုသူများ၊ အခုမှ အထူးအဆန်းကို စမ်းသပ်မြည်းကြည့်လိုသူများ အတွက်ကတော့ စောင့်မျှော်ရုံမှတစ်ပါး အခြားမရှိတော့ပါ။ စောင့်လေ မောလေ မဖြစ်ဖို့ရာ B2G စမတ်ဖုန်းသတင်းကို နားစွင့်နေဖို့ လိုကြောင်းလည်း သတိပေးထားပါရစေ..။

ဖုန်းဝေါဟာရ ရှင်းလင်းချက်
၁။ စမတ်ဖုန်း = အင်တာနက် ချိတ်ဆက် အသုံးပြုလို့ရတဲ့ ဖုန်းမှန်သမျှကို “Smartphone” စမတ်ဖုန်းလို့ ခေါ်ပါတယ်။

၂။ အန်ဒရိုက် = လင်းနက် (Linux) လို့ ခေါ်တဲ့ ကွန်ပျူတာ အသုံးပြု နည်းပညာကို အခြေခံထားပြီး ဂူဂဲလ်ဝက်ပ်ဝက်ပ်ဆိုက်နဲ့ တွဲပြီး ထုတ်လုပ်ထားတဲ့  ဖုန်းအသုံးပြု စက်လည်ပတ်မှုစနစ် တစ်ခုရဲ့ နာမည် ဖြစ်တယ်။ “Android “ ရဲ့ မူလအမည်ကတော့ စက်ရုပ်ကို ခေါ်တဲ့ ဝေါဟာရပါ။

၃။ အိစ်ခ်ျတီအမ်အယ်လ် = ကွန်ပျူတာ နားလည်တဲ့ ဘာသာစကားဖြစ်တဲ့ HyperText Markup Language ကို “html” လို့ အတိုကောက် ခေါ်တာပါ။ ဘလော့ဂါသမား၊ ၀က်ပ်ဆိုက်သမားတွေ သိတတ်ထားရတဲ့ ပညာရပ်တစ်ခု ဖြစ်တယ်။

၎။ ၀င်းဒိုးဖုန်း = ကွန်ပျူတာတွေမှာ သုံးနေတဲ့ ၀င်းဒိုးရဲ့ စက်လည်ပတ်မှုစနစ်အတိုင်း တီထွင်ထားတဲ့ ဖုန်းလည်ပတ်မှုစနစ် မှန်သမျှကို “Windows-phone” ၀င်းဒိုးဖုန်းလို့ ခေါ်ပါတယ်။ Windows7 ကို အခြေခံ တည်ထွင်ထားတဲ့ ဖုန်း လည်ပတ်မှုစနစ်ပါ။

၅။ အိုပင်းန်ဝက်ပ် = www နဲ့ စတင်ပြီး အများသုံးအတွက် လွင့်တင်ထားတဲ့ ၀က်ပ်ဆိုက် မှန်သမျှကို “open web” အိုပင်းန်ဝက်ပ်လို့ ခေါ်ပါတယ်။

၆။ အပ်စ် = ဖုန်းမှာ အသုံးပြုဖို့ တင်ထားတဲ့ ရုပ်ပုံ (icon) တွေကို “Apps” လို့ ခေါ်တယ်။ ဥပမာ ဖေ့ဘုတ် (Feed book) ကို အသုံးပြုလို့ရအောင် “ဖေ့ဘုတ် အပ်စ်” ကို ဒေါင်းလုတ်ယူပြီး ဖုန်းစကရင်းမှာ တင်ထားရတယ်။ သက်ဆိုင်ရာ ဖုန်း အမျိုးအစားအလိုက် စမတ်ဖုန်းတွေရဲ့ ၀က်စ်ဆိုက်တွေမှာ အခမဲ့ဖြစ်ဖြစ်၊ ငွေပေး ၀ယ်ရတာဖြစ်ဖြစ် တင်ထားကြတယ်။

၇။ ၀က်စ်-ပရောက်ဆာ = အင်တာနက် ဖွင့်တဲ့အခါတိုင်း သိချင်တဲ့ ၀က်စ်ဆိုက်တစ်ခုခုရဲ့ အမည်ကို အတိအကျ ရိုက်ရှာပြီး ဖွင့်ရတဲ့ အင်တာနက် စာမျက်နှာကို ဆိုလိုတာပါ။ www နဲ့စတင်တဲ့ စာမျက်နှာတိုင်းကို ၀က်စ်ပရောက်ဆာ(web browser) လို့ ခေါ်တယ်။

အကိုးအကား-
-redOrbit (http://s.tt/19GMG)
-http://www.bbc.com/news/technology-17784585
- http://www.tech.sc/mozilla-boot-to-gecko-release-date/
-http://en.wikipedia.org/wiki/Web-usage

Apr 17, 2012

အိန္ဒိယအတွက် iPad3


လာမယ့် ဧပြီလ ၂၇-နေ့ကျရင် အိန္ဒိယနိုင်ငံမှာ The New iPad လို့ခေါ်တဲ့ iPad3 ကို တရားဝင် စတင် ရောင်းချတော့မယ်လို့ Apple ကုမ္ပဏီကနေ ကြေငြာလိုက်ပါပြီ။ အိန္ဒိယတစ်နိုင်ငံလုံးရှိ ဘယ် Apple Retailer (လက်လီအရောင်းဆိုင်) မဆို ၀ယ်ယူနိုင်တော့မယ်လို့ ကြေငြာထားတယ်။ အိန္ဒိနိုင်ငံအတွက် iPad3 တစ်ခုကို ရူပီး ၃၀၅၀၀ (USD 590 နဲ့ညီမျှမယ့်) ဈေးနှုန်းနဲ့ စတင်ပြီး ရောင်းချမယ်လို့ သိရှိရပါတယ်။ ဆိုလိုတာက ၁၆-ဂျီဘီ ၀ိုင်ဖိုင်ကို ရူပီး ၃၀၅၀၀ နဲ့ စတင်ရောင်းချမှာပါ။ ကုမ္ပဏီရဲ့ မူလဈေးနှုန်းကတော့ ရူပီး ၂၅၇၅၇ (USD 499) သာ ကျသင့်ပေမယ့် အခွန်အကောက်ကြောင့် ထင်ပါ့၊ အိန္ဒိယဘက်က ဈေးမြင့်တက်သွားတယ်။

အိန္ဒိယနိုင်ငံအတွက် ရောင်းချမယ့် အသုတ်ကတော့ တတိယအသုတ် ဖြစ်နေပါပြီ။ ဒီအသုတ်ထဲမှာ အိန္ဒိယ တစ်နိုင်ငံတည်း ပါဝင်တာ မဟုတ်ပါဘူး။ ထိုင်း၊ ကမ္ဘောဒီယား၊ အစ္စရေး၊ အက်စတိုနီယား၊ လတ်ဗီယား၊ လစ်သူယေနီယား၊ မွန်တီနီဂရိုးနှင့် တောင်အဖရိကနိုင်ငံတို့လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီတတိယအသုတ်ထဲမှာ အရှေ့တောင်အာရှ နိုင်ငံငယ်လေးဖြစ်တဲ့ ကမ္ဘောဒီယားနိုင်ငံ ပါဝင်လာခြင်းနဲ့ ဈေးကွက်ကြီးတဲ့ အန္ဒိယနဲ့ထိုင်းတို့ကတော့ နောက်ကျကျန်ရစ်ခဲ့ခြင်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအတွက် မရောင်းချခင် လာမယ့် ဧပြီလ ၂၀-ရက်နေ့မှာ ဒုတိယသုတ်အဖြစ် Apple ကုမ္ပဏီက iPad3 ကို အရင် ရောင်းချဦးမှာပါ။ တစ်ပတ်အလွန်မှာမှ တတိယအသုတ်ကို ရောင်းချမှာပါ။ ဒုတိယအသုတ်ထဲ ပါဝင်မယ့် နိုင်ငံတွေကတော့ ၁၂-နိုင်ငံပါ။ အဲဒီနိုင်ငံတွေကတော့- တောင်ကိုရီးယား၊ မလေးရှား၊ ဘရူးနိုင်း၊ ခရိုအေရှား၊ ဆိုက်ပရပ်၊ ဒိုမီနီကန် ရီပတ်ပလစ်၊ အယ် ဆာဗေဒို၊ ကွာတီမာတာ၊ စိန့်မာတင်၊ ဥရုဂွေးနှင့် ဗင်နီဇွဲလာနိုင်ငံတို့ ဖြစ်ပါတယ်။

ပထမဦးဆုံးအသုတ်အဖြစ် မတ်ခ်ျလ ၁၆-ရက်နေ့ကတည်းက စက်မှုထွန်းကားတဲ့ နိုင်ငံတွေကို ရောင်းချခဲ့ပြီးပါပြီ။ အွန်းလိုင်း အ၀ယ်သမားကတော့ မတ်ခ်ျလ ၇-ရက်နေ့ကတည်းက အော်ဒါ မှာယူလို့ရနေပါပြီ။

The New iPad လို့ခေါ်တဲ့ iPad3 မှာ ပါဝင်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ပြီးခဲ့တဲ့ “iPad 3 ထွက်မယ်” သတင်းမှာ ဖော်ပြခဲ့ပါပြီ။

အိန္ဒိယနိုင်ငံမှာ ရောင်းချမယ့် iPad 3 ရဲ့ ဈေးနှုန်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
The New iPad (iPad3) in INDIA
Colour= White / Black
Wi-Fi
Rs. 30500 = USD. 589 (16GB)
Rs. 36500 = USD. 705 (32GB)
Rs. 42500 = USD. 820 (64GB)

Wi-Fi + 4G
Rs. 38900 = USD. 751 (16GB)
Rs. 44900 = USD. 867 (32GB)
Rs. 50900 = USD. 983 (64GB)

Apr 8, 2012

အိုင်တီပစ္စည်း အ၀ယ်လမ်းညွှန် (၂)


ပီစီ-ဂိမ်းလို့ခေါ်တဲ့ ဒက်စ်တော့ပ် ကွန်ပျူတာနဲ့ ဆော့ရတဲ့ဂိမ်းတွေ ခေတ်စားခဲ့ဖူးတယ်။ ပီစီ-ဂိမ်း အစွဲကြီးသမားတွေက ခုတိုင်အောင် မပြောင်းလဲသေးပါဘူး။ ပီစီနဲ့ ဆော့ရမှ ရသရှိတယ်လို့ ထင်တုန်းပဲ။ တစ်ချို့ ပီစီ-ဂိမ်းသမားတွေက အိပ်စ်ဘောက်တို့၊ ပလေစတေးရှင်းတို့ ဒါမှမဟုတ် ဒလျူတူးတို့ကို ပြောင်းလဲ ဆော့ကစားကြတယ်။

လက်တော့ပ် ကွန်ပျူတာ ၀ယ်ခြင်း (အပိုင်း-၂)

၃။ အိမ်၊ ရုံးသုံး လက်တော့ပ် (ဒက်စ်တော့ပ် အစားထိုး)
အိမ်၊ ရုံးမှာ သုံးနေတဲ့ ဒက်စ်တော့ပ်တွေက နေရာ တအားကို ယူအားကြီးလွန်းရင် လက်တော့ပ်နဲ့ အစားထိုး သုံးရမှာပဲ။ ဒါမှ နေရာကျဉ်းကျဉ်းလေးနဲ့ သုံးနိုင်မှာကိုး။ အိမ်၊ ရုံးသုံး လက်တော့ပ် ကိုတော့ ဘက္ထရီသက်တမ်း ထည့်တွက်စရာ မလိုဘူး၊ ဘာလို့လဲဆိုတော့ လျှပ်စစ်မီးကြိုးနဲ့ အမြဲတန်း ချိတ်ဆက် အသုံးပြုနိုင်လို့ပါပဲ။ ပြီးတော့ ခုံပေါ်တငပြီး သုံးမှာမို့လို့ အလေးချိန် လေးတာကိုလည်း ထည့်တွက်စရာ မလိုပြန်ဘူး။ ဒါပေမယ့် လက်ရှိ အသုံးပြုနေတဲ့ ဒက်စ်တော့ပ်ကြီးတွေထက် လက်တော့ပ်ဈေးနှုန်းက ကြီးမှာ အသေအချာ။ ဒါကြောင့် စဉ်းစားပါ။

အိမ်၊ ရုံးသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

ဈေးနှုန်း
ဒီလက်တော့ပ်ကိုတော့ ဒေါ်လာ ၇၀၀ နဲ့ ၁၂၀၀ ကြားမှာ သုံးမှ သင့်တော်မှာပါ။

လုပ်ဆောင်ချက်
အိမ်၊ ရုံးသုံးဖြစ်တဲ့အတွက် အဆင့်မြင့်တဲ့ လက်တော့ပ်ကို ရွေးဝယ်ရမှာပါ။ စွမ်းဆောင်ရည် မြင့်မြင့် ဈေးနှုန်းချိုချို ရှာနိုင်ရင်တော့ ကောင်းတာပေါ့။ စီပီယူ ၂. ၂ ဂါဟတ်၊ မမ်မိုရီ ၄-ဂျီဘီ၊ ဟတ်ဒစ် ၅၀၀ လောက်ဆို တော်တော်လေး ကောင်းနေပါပြီ။ စီဒီပြားတွေကို ရေး၊ ဖတ်နိုင်တဲ့ ဒီဗီဒီ-ဒရိုက်ဖြစ်ဖြစ် ဘလူရေး ဖြစ်ဖြစ် ပါဝင်မှ သင့်တော်မှာပါ။


အရွယ်အစား
မော်နီတာကို ၁၅-လက်မလောက် အနည်းဆုံး သုံးပါ။ ၁၈ လက်မဖြစ်လေ ပိုကောင်းလေပေါ့။ ဒါမှ ပရိုဂျက်တစ်ခုခု၊ ဗီဒီယိုပြကွက်တစ်ခုခု ကြည့်ရင် အဆင်ပြေမှာပါ။ ဒါပေမယ့် လိုအပ်တဲ့အခါ သယ်သွားနိုင်အောင် သိပ်မကြီးတာ ကောင်းပါတယ်။ လက်တော့ပ်ကို အသုံးပြုတာ ၀န်ကျဉ်းချင်လို့ မဟုတ်လား။


၎။ မာလ်တီမီဒီယာသုံး လက်တော့ပ်
ဒီလက်တော့ပ် အမျိုးအစားကို ဓာတ်ပုံ၊ ဗီဒီယို၊ သီချင်းစတဲ့ မီဒီယာ လုပ်ဆောင်ချက်တွေကို ပြုပြင် ဖန်တီး တည်းဖြတ်မှာမို့လို့ မီဒီယာလုပ်ဆောင်ချက် ပါဝင်တဲ့ လက်တော့ပ်တွေကို ရှာဝယ်ရမှာပါ။ အဲ တစ်ခုတော့ သတိရှိပါ။ ဒီလုပ်ဆောင်ချက်တွေကို အခုခေတ် စမတ်ဖုန်းတွေမှာတောင် လွယ်လွယ်လေးနဲ့ လုပ်လို့ရနေပြီ ဆိုတာကိုပေါ့။

ဒါပေမယ့် အထူးလုပ်ဆောင်ချက်တွေနဲ့ အဆင့်မြင့်မြင့် လုပ်ချင်တယ်ဆိုရင် Adobe ဆော့ပ်ဝဲလ် မျိုးစုံ အင်စတောလ် လုပ်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် လက်တော့ပ်ကို ရွေးယူရမှာ။ ဘာဖြစ်လဲဆိုတော့ ဒီဇိုင်း အကြီးအသေးကို ဖန်တီးတဲ့အခါ၊ ဗီဒီယိုဖိုင်တွေကို ရင်းဒါလုပ် (တင်ဆက်) တဲ့အခါမှာ မမ်မိုရီတွေ တအားစားသလို ဖိုင်ဆိုက်ကလည်း အင်မတန်ကို နေရာယူတယ်။ (၅-မိနစ်စာ ကာရာအိုကေ သီချင်းတစ်ပုဒ် ရဖို့ရာ ဖိုင်ဆိုက် ၁-ဂျီဘီနီးပါး ဖိုင်ဆိုဒ် ယူထားတာကို သတိမူပါ။)

မာလ်တီမီဒီယာသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

မမ်မိုရီ
မမ်မိုရီ ကြီးလေ ကောင်းလေပါပဲ။ ခုခေတ်အနေနဲ့ မမ်မိုရီ ၄-ဂျီဘီလောက် သုံးကိုသုံးရမယ်။

ဂရပ်ဖစ်ကဒ်
သာမန်ကာလျှံကာသုံး လက်တော့ပ်တုန်းက ဖော်ပြထားတဲ့အတိုင်း ဂရပ်ဖစ်ကဒ်ဟာ တအားကို အရေးပါတယ်။ ဒီမီဒီယာသုံး လက်တော့ပ်မှာတော့ သီးသန့် ဂရပ်ဖစ်ကဒ် ရှိကို ရှိနေရမယ်။ ဂရပ်ဖစ်ကဒ် အနည်းဆုံး ၁၂၈-အမ်ဘီကနေ အများဆုံး ၂-ဂျီဘီအထိ တစ်ခုခုကို စိုက်ထားရမယ်။ ခုခေတ်သုံး လက်တော့ပ်အများစုက NVEDIA ဖြစ်ဖြစ်၊ ATI ဖြစ်ဖြစ် သုံးကြတယ်။ Redion ကိုလည်း အနည်းအကျဉ်း တွေ့တတ်တယ်။

ကြိုးပေါက်
ကြိုးပေါက်ကလည်း မီဒီယာလုပ်ငန်းမှာ အရေးကြီးတယ်။ ဓာတ်ပုံ ကင်မရာကနေ ချိတ်ဆက်ဖို့၊ ဗီဒီယို ကွန်ကော်ဒါကနေ သွယ်တန်းဖို့ အခြားပလေယာ တစ်ခုခုကနေ ထိုးချိတ်ဖို့ဆိုတာ ကြိုးပေါက် စုံနေမှ တော်ကာကျမယ်။ USB, Firewire (IEEE), PCMCIA, Ethernet, Display စသည်ဖြင့် အပေါက် အစုံအလင်ပါတဲ့ လက်တော့ပ်ကို ရှာဝယ်ပါ။

ပန်ကာ
စီပီယူအပေါ်မှာ အုပ်ထားတဲ့ ပန်ကာကလည်း အရေးကြီးပြန်တယ်။ စီပီယူ စွမ်းဆောင်ရည် မြင့်လေ ပန်ကာ လည်နှုန်းက မြန်လေပဲ။ ထိုအခါ ပန်ကာအသံ အတော်လေး ဆူညံတတ်တယ်။ အသံပိုင်းဆိုင်ရာ လုပ်ဆောင်ချက်ကို လုပ်တဲ့အခါ (တစ်နည်း) အသံ (တရား၊ သီချင်း) ဖမ်းယူတဲ့အခါ အသံတိတ်ဆိတ်နေဖို့ လိုသဖြင့် ပန်ကာအသံ အနှောင့်အယှက် ကင်းလေ ကောင်းလေပါပဲ။ ဒါကြောင့် ပန်ကာသံ မမြည်တဲ့ လက်တော့ပ်ကို ရွေးချယ်ရမယ်။


၅။ ဂိမ်းဆော့ရန် လက်တော့ပ်
ပီစီ-ဂိမ်းလို့ခေါ်တဲ့ ဒက်စ်တော့ပ် ကွန်ပျူတာနဲ့ ဆော့ရတဲ့ဂိမ်းတွေ ခေတ်စားခဲ့ဖူးတယ်။ ပီစီ-ဂိမ်း အစွဲကြီးသမားတွေက ခုတိုင်အောင် မပြောင်းလဲသေးပါဘူး။ ပီစီနဲ့ ဆော့ရမှ ရသရှိတယ်လို့ ထင်တုန်းပဲ။ တစ်ချို့ ပီစီ-ဂိမ်းသမားတွေက အိပ်စ်ဘောက်တို့၊ ပလေစတေးရှင်းတို့ ဒါမှမဟုတ် ဒလျူတူးတို့ကို ပြောင်းလဲ ဆော့ကစားကြတယ်။ အကြောင်းရင်းကတော့ ဒီဟာတွေက ပီစီထက် ဆော့ရတာ လွယ်ကူတယ်၊ ပြီးတော့ ကုန်ကျစရိတ် နည်းပါးတယ်။

တကယ်တော့ ဂိမ်းစက်တွေက ဈေးကြီးပါတယ်။ ဒါပေမယ့် ဂိမ်းစက်နဲ့ ဂိမ်းဆော့တာလောက်ကို ဘယ်အရာကမှ လိုက်မမီသေးပါဘူး။ ဒါပေမယ့် နောက်ဆုံးထုတ် ဆော့ပ်ဝဲလ်တွေ၊ ဆော့ပုံ ဆော့နည်း အသေးအစိတ် အချက်အလက်တွေ အမြဲတန်း အဆင့်မြှင့် ထုတ်လုပ်နေတော့ ဈေးနှုန်းကလဲ လိုက်ကြီးပေးရတယ်။ အသစ်အဆန်း ထွက်တိုင်း ဈေးနှုန်း ကျတယ်လို့ကို မရှိဘူး။

ဂိမ်း အရူးအမူးများကတော့ လက်တော့ပ်-ဂိမ်းကို ပြောင်းသုံးဖို့ ငြင်းဆန်ကြတယ်။ ဘာကြောင့်ဘာလိမ့်။ လက်တော့ပ်-ဂိမ်းအများစုက စိတ်တိုင်းကျမှုကို အပြည့်အ၀ မပေးနိုင်သလို အဆင့်မြှင့်ဖို့လည်း မလွယ်ကူလို့ပါ။

ဂိမ်းဆော့ရန် လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

အရွယ်အစား
အထစ်အငေါ့မရှိ ချောချောမွေ့မွေ့နဲ့ ဂိမ်းကို ဆော့တဲ့နည်းလမ်းကတော့ လက်တော့ပ်ရဲ့ စကရင်း (မော်နီတာ) ကြီးနေဖို့ လိုပါတယ်။ ကြီးလွန်းရင်လည်း ဂိမ်းဆော့ရတာနဲ့ စကရင်းအပါအ၀င် စက်ပစ္စည်း အစုံအလင်ကို သယ်ရတာ မကာမိပါဘူး။

ပရောဆက်စာ
စီပီယူလို့ အတိုကောက်ခေါ်တဲ့ ပရောဆက်စာကိုတော့ အောက်ထစ်ဆုံး Core Quad လောက် သုံးရမှာပါ။ (Core Quad ဆိုတာက စီပီယူကို စစ်ဆေးရင် စီပီယူ လေးခု ပြထားတာကို ဆိုလိုတာပါ။) ဒါတောင် တကယ့်ဂိမ်းစက်တွေနဲ့ ယှဉ်ရင် နှေးပါသေးတယ်။ တကယ်ကမ်း ငွေသုံးနိုင်ရင်တော့ ဂရပ်ဖစ်ကဒ်ကို မြှင့်မယ့်အစား စီပီယူကိုပဲ အမြင့်ကြီး သုံးသင့်တယ်။ ဥပမာ- ခုခေတ်ထုတ် နောက်ဆုံးပေါ် စီပီယူဖြစ်တဲ့ အိုင်ဖိုက် (i5) အိုင်ဆဲလ်ဗင်း (i5) တို့ပေါ့။


ဂရပ်ဖစ်ကဒ်
ဈေးကွက်မှာ ရောင်းတန်းတင်ထားတဲ့ အသစ်ထုတ် ဂိမ်းတွေဟာ တကယ့်ကို စပါယ်ရှယ် ဂရပ်ဖစ်ကဒ်နဲ့မှ ကိုက်မှာ။ (မမ်မိုရီကနေ ရှယ်ထားတာ မဟုတ်တဲ့) သီးသန့် စိုက်ယူရတဲ့ ဂရပ်ဖစ်ကဒ်ကို သုံးမှ ဂိမ်းဆော့ရတာ အဆင်ပြေမယ်။ ဆိုလိုတာက ဂိမ်းတွေရဲ့ အချက်အလက်များစွာကို အချိန်တိုတိုအတွင်းမှာ မြန်ဆန်စွာ သိမ်းဆည်းနိုင်မှ ရှေ့အခန်းကို ဆက်လက် သွားနိုင်မှာမို့ပါ။ (နို့မို့ရင် ခဏခဏ စက်က ဟန်းနေမှာ။)

ထိပ်သီး ဂိမ်းသမားတွေကတော့ တကယ့်အပျံစား ဂရပ်ဖစ်ကိုပဲ မနှမျောတမ်း ၀ယ်သုံးကြတယ်။ အရေးကြီးဆုံး အချက်တစ်ခုကတော့ Full-HD လို့ခေါ်တဲ့ ရုပ်ပုံအရည်အသွေး အပြည့်အ၀ပေးတဲ့ ဂရပ်ဖစ်ကဒ်ပါ လက်တော့ပ်ကိုသာ ရွေးချယ် ၀ယ်ယူပါ။ ရီဆိုလူးရှင်း (ရုပ်ပြအရည်အသွေး) အနည်းဆုံး 1920x1080 မီဂါပစ်ဇယ် ရှိကို ရှိရမယ်။ (လက်တော့ပ် အများစုကတော့ ပုံမှန် 1024×768 မိဂါပစ်ဇယ်ပဲ ရှိတတ်ကြတယ်။)

မမ်မိုရီ (မှတ်ညာဏ်)
စီပီယူ၊ ဂရပ်ဖစ်ကဒ်ပေါ် မူတည်ပြီး မမ်မိုရီကိုလည်း ၄-ဂျီဘီ ၀န်းကျင်လောက် သုံးသင့်ပါတယ်။ ပြောရရင် သင့်လက်တော့ပ် တစ်ခုလုံး မြန်နှုန်းမြင့်နေမှ သင် ဂိမ်း ဆော့ရတာ စိတ်တိုင်းကျမှာပါ။ ဒီတော့ကာ ဈေးကြီးကြီးကိုသာ ၀ယ်သုံးရမှာပါ။ ငွေမသုံးနိုင်ပါက အမြင့်ဂိမ်းတွေ မဆော့သင့်ပါ။ အဲ.. အပျင်းပြေသာ ဆော့ကစားရင် သမာရိုးကျ ဂိမ်းတွေကိုသာ ဆော့ပါ။ ဒီဂိမ်းတွေဟာ ဘယ်လက်တော့ပ်မှာမဆို ဆော့နိုင်ပါတယ်။ ခုဆို သရီးဒီဂိမ်းတွေတောင် ထွက်နေပါပြီ။ ဂိမ်းကိုသာ တစိုက်မတ်မတ် လိုက်ဆော့နေရင် ငွေသုံးဖို့ မနှမြောရပါ။

အချုပ်ဆိုရသော်- သင် လက်တော့ပ်တစ်လုံးကို မဖြစ်မနေ ၀ယ်ရတော့မယ် ဆိုရင် “ဘာအတွက် သုံးသလဲ” အရင်စဉ်းစားပြီး၊ အထက်ဖော်ပြပါ လက်တော့ပ် အမျိုးအစား (၅) မျိုးကို မိမိနှင့် သင့်တော်မယ့် အမျိုးအစား တစ်မျိုးကို ရွေးချယ်ပြီး ၀ယ်ယူပါက အ၀ယ်မမှားတော့ပါ။ လက်တော့ပ် ထုတ်လုပ်သည့် မည်သည့်ကုမ္ပဏီ၊ မည်သည့်အမှတ်တံဆိပ်ကိုမဆို ဖော်ပြပါ အမျိုးအစား (၅) မျိုးနဲ့သာ ခွဲခြားလိုက်ပါ။ အိုင်မက်၊ ဆိုနီ၊ ဒယ်လ်၊ တိုရှီဘာ၊ ကွန်ပက်၊ အိပ်စ်ပီ၊ အဆပ်၊ အမ်အက်စ်အိုင်၊ ဖုဂျီစု၊ ဘင်ကျူ၊ အေဆာ ဘယ်လက်တော့ပ် ဖြစ်ဖြစ်ပါ။


(ဘီဘီစီရဲ့ အိုင်ကလစ်ကို အခြေခံပြီး အခြားသော ဆိုင်ရာဆိုင်ရာ ၀ပ်ဆိုက်များကို မှီငြမ်းကိုးကား ရေးသားပါကြောင်း ၀န်ခံအပ်ပါသည်။)

Apr 7, 2012

အိုင်တီပစ္စည်း အ၀ယ်လမ်းညွှန် (၁)

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အဓိက သိထားရမယ့် အချက်ကတော့ ဒီလက်တော့ပ်ကို ဘာအတွက် အသုံးချမလဲဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် လက်တော့ပ်ဈေးကွက်က တနေ့တခြား ဈေးနှုန်းတွေ ကျဆင်းနေတော့ ဈေးချိုတဲ့ လက်တော့ပ်ကို ၀ယ်ထားတဲ့သူက တပန်းသာတာပဲ။ အဆင့်ထပ်မြှင့်လို့ မရတာတောင်မှ ဒီအဟောင်းကို စွန့်ပြီး နောက်ထပ်အသစ် ၀ယ်ဖို့ လက်မတွန့်တော့ဘူးပေါ့။

လက်တော့ပ် ကွန်ပျူတာ ၀ယ်ခြင်း (အပိုင်း-၁)
လက်တော့ပ် (ကွန်ပျူတာ) တစ်လုံးကို ၀ယ်ဖို့ ဆုံးဖြတ်ချက် ချရန် အင်မတန် ခက်ခဲလှပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တော့ပ်ရဲ့ အသေးစိတ် လုပ်နိုင်စွမ်းရည်ကိုက တအားကို ရှုပ်ထွေးနေလို့ပါ။ ဒါကလည်း ဂရပ်ဖစ်ကဒ်ဆိုတဲ့ ရုပ်ပုံပြ စွမ်းဆောင်ရည် ကဒ်ကနေ ဘတ်(စ်) လမ်းကြောင်းပေါ်သို့ ဘယ်အတိုင်းအတာအထိ ထောက်ပံ့ပေးနိုင်သလဲ ဆိုတာကို သိတတ် နားလည်ခြင်း၊ နားမလည်ခြင်းတို့နဲ့လည်း ဆိုင်တယ်။

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အဓိက သိထားရမယ့် အချက်ကတော့ ဒီလက်တော့ပ်ကို ဘာအတွက် အသုံးချမလဲဆိုတာပါပဲ။ ဖဲချပ်စတဲ့ (အပေါ့စား) ဂိမ်းတွေကို ဆော့ကစားချင်ရုံနဲ့ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ သိန်းနှစ်ဆယ်) လောက်တန်တဲ့ တန်ဘိုးကြီး လက်တော့ပ်ကို ၀ယ်ပြီး ငွေမဖြုန်းချင်ပါနဲ့။

လက်တော့ပ် တစ်လုံး ၀ယ်တော့မယ်ဆိုရင် အောက်ဖော်ပြပါ လက်တော့ပ် အမျိုးအစား (၅) မျိုးကို စဉ်းစားစေလိုတယ်။ (လက်တော့ပ်ရဲ့ တံဆိပ်အမှတ်အသားနဲ့ မဆိုင်ပါ။)
အမျိုးအစား (၅) မျိုးမှာ-
၁။ သာမန်ကာလျှံကာသုံး လက်တော့ပ်
၂။ ခရီးဆောင်သုံး လက်တော့ပ်
၃။ အိမ်၊ ရုံးခန်းသုံး လက်တော့ပ်
၎။ မာလ်တီ မီဒီယာသုံး လက်တော့ပ်
၅။ ဂိမ်းဆော့ရန် လက်တော့ပ် ဖြစ်ပါတယ်။

လက်တော့ပ်တိုင်းနီပါး ၀ါယာလက်၊ ဟတ်ဒစ်၊ ဆောင်းကဒ် စသည်တို့ သမာရိုးကျ ပါဝင်စမြဲ ဖြစ်ပေမယ့် ထုတ်လုပ်တဲ့ ကုမ္ပဏီနှင့် အမျိုးအစားက ကွာသေးတယ်။ ဘယ်လိုပဲ ကွာနေပါစေ ဈေးနှုန်းကြီးရင် ကြီးသလို ပေးဝယ်ရသလောက် တန်တာ များပါတယ်။ (ဈေးကြီးပေး ၀ယ်ပြီး မကောင်းတဲ့ လက်တော့ပ်ကတော့ ရှားပါတယ်။)
နောက်ဆုံး ယျေဘုယျသဘောကို သိထားရမှာကတော့ ဈေးချို (ဈေးပေါ) လွန်းတဲ့ လက်တော့ပ်ကို မ၀ယ်မိဖို့ပါပဲ။ နောင်အခါ ဘယ်တော့မှ အဆင့်မြှင့်လို့ မရတော့တဲ့အတွက်ကြောင့်ပါ။ ဒက်(စ်)တော့ လို အဆင်မြှင့်ချင်ပါက ဟိုလဲဒီလဲ လက်တော့ပ်မှာ လဲလှယ်လို့ မရပါ။


၁။ သာမန်ကာလျှံကာသုံး လက်တော့ပ်
အင်တာနက် အသုံးပြုဖို့၊ အီးမေးလ် အ၀င်အထွက် စစ်ဆေးဖို့၊ ချက်ရွမ် ထိုင်ဖို့၊ သီချင်း နားထောင်ဖို့၊ ဗီဒီယို ကြည့်ဖို့အတွက်လောက်ပဲ လက်တော့ပ်ကို သုံးချင်ရင်တော့ သင်ဟာ သာမန်ကာလျှံကာသုံး လက်တော့ပ်ကိုပဲ ၀ယ်ပါ။ ဒါပေမယ့် ခက်တာက ရေပေါ်ဆီ လူအများစုဟာ ဒီလောက်သာ သုံးတတ်တာကိုပဲ သူတို့က ရေကြီးခွင်ကျယ်လုပ်ပြီး တကယ့်အကောင်းစား လက်တော့ပ်ကို ဈေးကြီးပေး ၀ယ်ထားကြတယ်။ သူတို့ရဲ့ ဂိုက်ဟန်ပန်ကိုကြည့်ပြီး အရောင်းဆိုင်က မဒီချောတွေ အကောင်းစား လက်တော့ပ်ကို မ၀ယ် ၀ယ်ဖြစ်အောင် တိုက်တွန်းတာလည်း ပါတယ် ထင်ပါရဲ့။

အဲ..ဈေးချိုချိုနဲ့ ၀ယ်ထားတဲ့ (သစ်ပေမယ့် မော်ဒယ်အောက်နေတဲ့) လက်တော့ပ်ကိုလည်း အထင်မစမောလ်နဲ့။ သူ့ရဲ့ ပုံသဏ္ဌာန်က ကြည့်မလှ၊ ထူနေပေမယ့် ခုခေတ် အများစု အသုံးချနေသလောက် (စာရိုက်၊ သီးချင်းနားထောင်၊ ဗီဒီယိုကြည့်လောက်) ကတော့ သူက အပျော့ပေါ့။ ဆော့ဝဲလ် အားလုံးနီးပါး အင်စတောလ် လုပ်လို့ရတယ်၊ သုံးလို့ရတယ်လေ။ ဘာပဲဖြစ်ဖြစ် လက်တော့ပ်ဈေးကွက်က တနေ့တခြား ဈေးနှုန်းတွေ ကျဆင်းနေတော့ ဈေးချိုတဲ့ လက်တော့ပ်ကို ၀ယ်ထားတဲ့သူက တပန်းသာတာပဲ။ အဆင့်ထပ်မြှင့်လို့ မရတာတောင်မှ ဒီအဟောင်းကို စွန့်ပြီး နောက်ထပ်အသစ် ၀ယ်ဖို့ လက်မတွန့်တော့ဘူးပေါ့။

သာမန်ကာလျှံကာသုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။

ဈေးနှုန်း
သာမန်ကာလျှံကာသုံး လက်တော့ပ်အတွက်နဲ့ ဒေါ်လာ ၆၀၀ ထက် ပိုမသုံးသင့်ပါ။ ခုခေတ်ထုတ် လက်တော့ပ်ကို ဒေါ်လာ ၄၀၀ ၀န်းကျင် ရနေပါပြီ။

မမ်မိုရီ (မှတ်ညာဏ်)
၂-ဂျီဘီ ရမ်ဆို ရလောက်ပါပြီ။ တကယ်လို့များ တစ်ပြိုင်တည်း တပ်ဂ်ျ (ဘရောက်ဆာ) နှစ်ခု သုံးခု ဖွင့်မထားရင် ၁-ဂျီဘီ ရမ်လောက်တောင် ရတယ်။

ဂရပ်ဖစ်ကဒ်
ဂရပ်ဖစ်ကဒ်ကို ဗီဒီယိုကဒ်၊ ဒစ်(စ်)ပလေကဒ်၊ ပီစီအိုင်ကဒ်ရယ်လို့ အမျိုးမျိုး ခေါ်ဆိုကြသေးတယ်။ ရုပ်ပုံကို ပိုမိုကြည်လင်တောက်ပအောင် စွမ်းဆောင်ပေးတဲ့ ကဒ်အမျိုးအစား ဖြစ်တယ်။ လက်တော့ပ်တိုင်း ဂရပ်ဖစ်ကဒ် မပါပေမယ့်၊ လက်တော့ပ်တိုင်း ဂရပ်ဖစ်က မရှိမဖြစ်ပါ။ ဆိုလိုတာက ဂရပ်ဖစ်ကဒ် မပါဝင်တဲ့ လက်တော့ပ်အတွက် မမ်မိုရီကဒ်ကပဲ ရုပ်ပုံအတွက် တာဝန်ယူပေးရတယ်။ မမ်မိုရီကဒ်ကနေ တစ်ဝက်ဖြစ်ဖြစ် သုံးပုံးတစ်ပုံးဖြစ်ဖြစ် ဂရပ်ဖစ်အတွက် ရှယ်ပေးရတယ်။ ဒါကြောင့် ကွန်ပျူတာ အနည်းငယ် နှေးတတ်တယ်။

ဂရပ်ဖစ်ကဒ် ပါဝင်တဲ့ လက်တော့ကတော့ မာသာဘုတ်မှာ သီးသန့်ကဒ်ဖြင့် စိုက်ထားတယ်။ သူ့ရဲ့စွမ်းဆောင်မှုပေါ် မူတည်ပြီး ရုပ်ပုံ ကြည်လင်ခြင်း၊ ထစ်အံ့ခြင်း ဖြစ်တတ်တယ်။ မမ်မိုရီနဲ့ မဆိုင်တော့ဘူး။ (မမ်မိုရီနဲ့ မဆိုင်ဘူး ပြောပေမယ့် မမ်မိုရီနဲ့ ကင်းလို့တော့ မရပါ။) ထည့်ထားတဲ့ ဂရပ်ဖစ်ကဒ် ကောင်းရင် ကောင်းသလို ရုပ်ပုံတွေက ကြည်လင်ပြတ်သားပြီး မြန်ဆန်စွာ ပြသပေးနိုင်တယ်။ သာမန်ကာလျှံကာသုံး လက်တော့ပ်အတွက်ကတော့ ဂရပ်ဖစ်ကဒ် သီးသန့် မလိုပါဘူး။ မမ်မိုရီ ကနေ ရှယ်ယာပေးထားတဲ့ ဂရပ်ဖစ်အတွက်နဲ့ပဲ လုံလောက်လှပါပြီ။

၂။ ခရီးဆောင်သုံး လက်တော့ပ်
အမြဲတမ်း ခရီးသွားနေရသူအဖို့တော့ ခရီးဆောင်သုံး လက်တော့ပ်ကို ရွေးဝယ်ပေါ့။ ခရီးဆောင်သုံး ဖြစ်တဲ့အတွက် သေးငယ်ပြီး ပေါ့ပါးတဲ့ လက်တော့ပ်ကို ရွေးချယ်ဖို့ မမေ့ပါနဲ့။ လက်တော့ပ် နည်းပညာကတော့ ပါးသထက် ပါးအောင်၊ စွမ်းဆောင်ရည် မြင့်သထက် မြင့်အောင် အပြိုင် ထုတ်လုပ်နေကြတယ်မို့လား။ အဲ.. ဘက္ထရီသက်တမ်း တာရှည်ခံ သုံးစွဲနိုင်တဲ့ လက်တော့ပ် ကိုလည်း ဦးစားပေးသင့်တယ်။ တစ်ချို့လက်တော့ပ်တွေက ၃-နာရီကနေ ၁၀ နာရီအထိ ဘက္ထရီ ခံတယ်။

ခရီးဆောင်သုံး လက်တော့ပ်ကို ၀ယ်တော့မယ်ဆိုရင် အောက်ပါ အချက်အလက် အနည်းအကျဉ်းကို သိထားပါ။


အလေးချိန်
အလေးချိန်ကတော့ အရေးပါတယ်။ လက်တော့ပ် မူအရဆိုရင် ပါးလွှားလေ ဈေးကြီးလေပဲ။ ၂-ကီလိုနဲ့ ၂-ကီလိုအောက်ရှိတဲ့ လက်တော့ပ်ကိုပဲ ရွေးဝယ်ပါ။ လေးနေမယ်ဆိုရင် သွားလေရာ သယ်ယူရတာ မသက်သာလှဘူး။

ဘက္ထရီသက်တမ်း

လျှပ်စစ်မီး ရမယ့်နေရာနဲ့ ဘယ်လောက်ကြာကြာ ဝေးကွာ နေရမယ်ဆိုတာကို တွက်ချက်ပြီး ချင့်ချိန် ၀ယ်ပါ။ အမြဲတမ်း လမ်းခရီးမှာပဲ အချိန်ကုန်နေမယ်ဆိုရင် ၈-နာရီလောက်ခံ ဘက္ထရီသက်တမ်း ရှိတဲ့ လက်တော့ပ်ကို ၀ယ်သုံးပါ။ (အိပ်ချိန်မှာ မီးအား ပြန်သွင်းရုံပေါ့)။
ဒါပေမယ့် အခုထုတ် လက်တော့ပ်အများစုကတော့ ဘက္ထရီသက်တမ်း ၄-နာရီနဲ့ ၅-နာရီကြာလောက်ပဲ ခံကြတယ်။ ၁၂-နာရီလောက် တာရှည်သုံးစွဲနိုင်တဲ့ လက်တော့ပ် ထုတ်နေပြီလို့ ကြားရတယ်။ ရှာဝယ်ပါ။

အရွယ်အစား
ခရီးဆောင်ဖြစ်တဲ့အတွက် မော်နီတာ ၁၃-လက်မထက် ပိုမကြီးရင် အဆင်ပြေမယ်။ ဒါပေမယ့် သေးငယ်လေ ပိုကောင်းလေပေါ့။ ၁၀-လက်မဆို အနေတော်ပေါ့။ ဒီဇိုင်းတို့ ဘာတို့ သိပ်လုပ်စရာမရှိရင် Netbook (နက်ဘုတ်) ကိုသာ ရွေးဝယ်ဖို့ ကောင်းတယ်။ အပါးလွှာဆုံး လက်တော့ပ်ကတော့ ၃-စင်တီမီတာပဲ ထူတယ်။


ဒရိုက် (DVC-drive/ HD-drive)
ဗီစီဒီ၊ ဒီဗီဒီ-ဒရိုက် တပ်ဆင်မထားရင် လက်တော့ပ်က ပိုပါးတယ်။ ၀ိတ်ချိန် ပိုနည်းတယ်။ တကယ်လို့ ဗီဒီယို ကြည့်ရမှာတို့၊ အခွေခုတ်ရမှာတို့ ရှိခဲ့ရင် အပြင်ဒရိုက် External Drive နဲ့ တွဲသုံးပေါ့။
ဗီစီဒီ၊ ဒီဗီဒီ-ဒရိုက် မပါခဲ့ရင် ဟတ်ဒစ်-ဒရိုက်ကို သိုလှောင်နိုင်တဲ့ မမာဏများများ ရွေးယူပါ။ ဟတ်ဒစ်-အနည်းဆုံး ၂၃၀ ဂျီဘီကနေ ၅၀၀ ဂျီဘီအထိ ရွေးဝယ်ပါ။
-ဆက်ရန်-